ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာတိတ်ဒေသတွင်း ဆူနာမီတွေ အဖြစ်များလာ
အာတိတ်ဒေသတွင်း ဆူနာမီတွေ အဖြစ်များလာ
ရေးသားခဲ့သည်။
အာတိတ်ဒေသထဲမှာ ဧရာမ ဆူနာမီ လှိုင်းကြီးတွေ အဖြစ်များလာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေနဲ့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအပေါ် အန္တရာယ်ပိုများလာနေပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီအတွင်းက အလာစကာမှာ မြေပြိုကျရာကနေတဆင့် မီတာ ၄၈၀ မြင့်တဲ့ ဆူနာမီလှိုင်းကြီးတခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ အနားကို ခရီးသည်တင် အပျော်စီး သင်္ဘောကြီး မရောက်လာခင်ကလေးမှာပဲ ဖြစ်သွားခဲ့တာပါ။ ဘီဘီစီရဲ့ ရာသီဥတုနဲ့ သိပ္ပံရေးရာ သတင်းထောက် ဟယ်လန် ဘရစ်ဂ်စ် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။