ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ - တရုတ်နယ်စပ်မှာ တရုတ်က နယ်စပ်မျဉ်းကျော် ခြံစည်းရိုးခတ်
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ရှမ်းမြောက်ဒေသမှာ တရုတ်အစိုးရဘက်က သတ်မှတ်ထားတဲ့ နယ်စပ် စည်းမျဉ်းကျော်လွန်ပြီး ခြံစည်းရိုး ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခြံစည်းရိုးခတ်နေတဲ့ နေရာတွေဟာ နေပြည်တော်ရဲ့ အာဏာ သက်ရောက်မှု မရှိတဲ့ ကိုးကန့်တပ် MNDAA နဲ့ "ဝ" တပ် UWSA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပါတယ်။ တရုတ် မြန်မာ နယ်နိမိတ် သဘောတူ စာချုပ်အရ နယ်စပ်မှာ ခြံစည်းရိုးခတ်ရင် နှစ်နိုင်ငံ အစိုးရတွေရဲ့ သဘောတူညီချက်နဲ့ ကွင်းဆင်းလေ့လာပြီးမှ ပြုလုပ်ရမှာဖြစ်ပါတယ်။ အခုလို တရုတ်က ကျော်လွန်ပြီး ခြံစည်းရိုးခတ်နေတယ် ဆိုတာနဲ့ပတ်သက်လို့ နေပြည်တော်ကရော သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေကပါ နှုတ်ဆိတ်နေကြပါတယ်။ မသူဇာလင်းက ပြောပြပါမယ်။