ကချင် နဲ့ စစ်ကိုင်း အစပ်က မြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်

ကချင် နဲ့ စစ်ကိုင်း အစပ်က မြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်

ကချင် ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အစပ်က မြို့တွေကို ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ စစ်တပ်က ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက် ကြေညာလာပါတယ်။ ဒါ့အပြင် ရေကူ ဗန်းမော် ကားလမ်းပိုင်းနဲ့ ဗန်းမော် မန္တလေး ကားလမ်းပိုင်းကို အပြည့်အဝ ပြန်လည် ဖွင့်လှစ်ပေးနိုင်ပြီလို့ ဆိုပါတယ်။ ဒီဒေသတွေကို စစ်တပ်က ပြန်လည် ထိန်းချုပ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းဘက်က တော်လှန်ရေး တပ်တွေ အနေနဲ့ ထောက်ပို့ လမ်းကြောင်းမှာ ဘယ်လို အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါသလဲ။ ဒီအကြောင်း မနှင်းမိုက ပြောပြပေးထားပါတယ်။