လက်ဘနွန် တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်

ဗီဒီယို ပုံစာ, လက်ဘနွန် တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်
လက်ဘနွန် တောင်ပိုင်းကို အစ္စရေး တိုက်ခိုက်
ရေးသားခဲ့သည်။

လက်ဘနွန် တောင်ပိုင်းက ယူနက်စကို ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေး နေရာတွေ အနားမှာ အစ္စရေးက အသေအပျောက်များတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကို လက်ဘနွန်ဘက်က ပြင်းပြင်းထန်ထန် ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။ တိုင်ယာ နဲ့ နာဘာနီယာ ဒေသ အနီးတဝိုက်မှာ တိုက်ခိုက်မှုတွေ ဖော်ဆောင်တာနဲ့ သမိုင်းဝင် အမွေအနှစ်တွေကို ဖျက်ဆီးတာတွေဟာ အကြောင်းပြချက် မရှိဘူး ဆိုပြီးတော့လည်း လက်ဘနွန် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ လက်ဘနွန် တောင်ပိုင်းမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားချက်တွေက တဆင့် အစ္စရေးဟာ အားလုံးကို စုပေါင်း အပြစ်ပေး တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့လည်း သူက စွပ်စွဲ ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန် ဆဒ်ဝါ့သ် ရဲ့ သတင်းကို ကိုမင်းထက် က ပြောပြပေးမှာပါ။