CHRO က မြန်မာစစ်တပ်ကို စွဲတဲ့အမှု တီမောပထမတန်း တရားရုံးမှာတင်သွင်း

CHRO က မြန်မာစစ်တပ်ကို စွဲတဲ့အမှု တီမောပထမတန်း တရားရုံးမှာတင်သွင်း

မြန်မာစစ်တပ် ကျူးလွန်တယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တီမောလက်စ်တေနိုင်ငံမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က တရားသွားစွဲဆိုထားတဲ့ အမှုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တီမောပထမတန်းတရားရုံးဆီ တင်သွင်းလိုက်နိုင်ပြီလို့ သိရပါတယ်။ အခုလိုတင်သွင်းခွင့်ရရှိတာဟာ အမှုရဲ့နောက်တစ်ဆင့်ကို တက်ရောက်လာခဲ့တာလို့ CHRO ဘက်က ပြောပါတယ်။ ဥပဒေပညာရှင်တွေကတော့ တရားရုံးရဲ့ ဥပဒေဌာနကို ရောက်လာတဲ့ အဆင့်သာဖြစ်တယ်လို့ ပြောပါတယ်။ အမှုကို တရားရုံးဆီတင်သွင်းလိုက်တယ်ဆိုတာ ဘယ်လိုအဆင့်ရောက်တာပါလဲ။ ဘယ်လိုတွေ ဆက်လုပ်ရဖို့ ရှိနေပါသလဲ။ ဒီအကြောင်း ကိုသူရက ပြောပြပေးပါမယ်။